top of page

Meet Our Ivy Leaguer CAPSTONIAN Shin Shin @ Shin Thant Wai Phoo who has been Accepted to UPenn!



Ivy League တက္ကသိုလ် တစ်ခုဖြစ်သော University of Pennsylvania သို့ ၀င်ခွင့်ရရှိခဲ့သော ကျွန်တော် တို့၏ Ivy Leaguer CAPSTONIAN ကျောင်းသူ Shin Shin @ Shin Thant Wai Phoo နှင့် တွေ့ဆုံလိုက်ပါ။


Shin Shin သည် အလယ်တန်းကျောင်းသားအရွယ်ကတည်းက ကျောင်းအသိုင်းအဝိုင်းရှိ လူများ၏ နာကျင်မှုများကို နားလည်သဘောပေါက်ရန် နှင့်အခြားသူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ဝန်ဆောင်မှုအသင်းများနှင့် ကျောင်းသားကောင်စီတွင် ပါဝင်လှုပ်ရှားခဲ့ပြီး ပရဟိတလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။ ထိုစိတ်ထားတစ်ခုတည်းကြောင့် သူမအား အထက်တန်းကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ဖြစ်လာစေကာ ကျောင်းသားဘဝနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော အပြောင်းအလဲများနှင့် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ပေးခဲ့ပါသည်။ တစ်ချိန်တည်းမှာပင်၊ သူမ၏ အလုပ်ကြိုးစားသော ရွယ်တူများကို တန်ဖိုးထားလေးစားမှုသည် သူမ၏ အထက်တန်းကျောင်းတွင် ပထမဆုံးသော National Honors Society Chapter ကို တည်ထောင်ရန် လှုံ့ဆော်မှု ရရှိခဲ့ပါသည်။ ထို့ကြောင့် Shin Shin သည် သူမ၏ လုပ်ဖော်ကိုင်ဖက်များနှင့် သူ့ပတ်ဝန်းကျင်ရှိ အခြားအသိုင်းအဝိုင်းများအတွက် အပြုသဘောဆောင်သော တွန်းအားတစ်ခု ဖြစ်လာခဲ့သည်။


Since her middle school years, Shin Shin has been active in service clubs and the student council to understand the pains and fulfill the needs of others in her school community, cultivating a sense of philanthropy. That mindset alone led her to become the President of the high school Student Council during her senior year, where she brought about new changes and reforms essential for the well-being and development of the student body. At the same time, her appreciation for her hardworking peers inspired her to establish the first-ever National Honors Society chapter in her high school. Thus, Shin Shin has been a positive force for her peers and other communities around her.


သူမ၏ CAPSTONE နှင့်အတူ အလုပ်လုပ်ချိန်တစ်လျှောက်လုံး၊ အထူးသဖြင့် Ivy League အဖွဲ့အစည်းများအတွက်တက္ကသိုလ် လျှောက်လွှာတင်ခြင်းလုပ်ငန်းစဉ်နောက်ကွယ်တွင် မည်သို့လုပ်ဆောင်ပုံများ၊ ရှုပ်ထွေးမှုများ ရှိပုံ နှင့် အသိအမြင် ဗဟုသုတနားလည်မှုများ ရရှိခဲ့သည်။ CAPSTONE ၏ လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ပြီးနောက် သူမ၏ ဆွဲဆောင်မှုရှိသော အက်ဆေးများ နှင့် ခိုင်မာသောဇာတ်ကြောင်းကို ဖန်တီးခဲ့၍ Shin Shin သည် သူမ၏ စိတ်အားထက်သန်သော လေ့လာမှုနယ်ပယ် ဖြစ်သော Pre-Medicine ဆေးပညာအကြို ပညာရပ် ကို ဆက်လက် လေ့လာလိုက်စားရန် UPenn တက္ကသိုလ် သို့ ၀င်ခွင့်ရရှိခဲ့ပါသည်။ ကြိုးစားထားပါ Quakers ရေ။


Throughout her time working with us, CAPSTONE, she gained insights and the dynamics behind how the college application process works, especially for Ivy League institutions. After working with and following the guidance of CAPSTONE in crafting her compelling essays and creating a strong narrative, Shin Shin has been #Accepted to UPenn to pursue her passionate field of study: Pre- Medicine. Go Quakers!


အထက်တန်းကျောင်းသူဘ၀ကာလအတွင်း Shin Shin သည် သူမ၏ အထက်တန်းကျောင်းနှင့် ဆက်စပ်နေသော လူမှုအဖွဲ့အစည်း အများအပြားတွင် ပါဝင်ခဲ့ပြီး ယနေ့ထက်တိုင် ပါ၀င်နေဆဲဖြစ်ပါသည်။ ထိုနေရာများတွင် သူမဟာ ရံပုံငွေရှာပွဲများ ၊ ရပ်ရွာပွဲလမ်းများ နှင့် လူထုထံသို့ အသိပညာဖြန့်ဝေရေးပရောဂျက်တွေကို ဦးဆောင်ခဲ့ပါသည်။ သူမသည် စေတနာ့ဝန်ထမ်းလုပ်ဆောင်မှုများ၊ ရပ်ရွာဝန်ဆောင်မှုများနှင့် အလုပ်သင်များစွာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်တွင် အထူးသဖြင့် တတ်သိလိမ္မာသော ဆေးဘက်ဆိုင်ရာဆရာဝန်တစ်ဦးဖြစ်ရန် သူမ၏စွမ်းရည်ကို ဖြည့်ဆည်းခြင်းဖြင့် သူမ၏ပညာရေးဆိုင်ရာ Portfolio နှင့် ရပ်ရွာတည်ဆောက်မှုစွမ်းရည်များကို ပြုစုပျိုးထောင်နေခဲ့ပါသည်။


During her time as a high schooler, Shin Shin has been involved in a vast array of community organizations affiliated with her high school and even beyond to this day. There, she led numerous fundraisers, community events, and community outreach projects. She has been building up her academic portfolio and community-building skills, particularly in the realm of healthcare, through numerous volunteering activities, community services, and internships in fulfilling her vision of becoming a well-versed Medical Doctor.


Ivy League အဖွဲ့အစည်းတစ်ခုတွင် ပညာသင်ကြားလိုသော ကျောင်းသားများအတွက် Shin Shin သည် သူမ၏ ကိုယ်ရေးကိုယ်တာဆိုင်ရာ ပညာရေး ခရီးစဉ်ကို ပြန်လည်သုံးသပ်ပြီး အောက်ပါအတိုင်း အကြံဉာဏ်ပေးခဲ့ပါသည်။


"သင်တို့ ရဲ့ College Supplemental Essays တွေရေးတဲ့အခါ အတိအကျ သေချာပြောပါ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီအက်ဆေးတွေကနေ မိမိရဲ့ တက္ကသိုလ် ဝင်ခွင့်တွေအတွက် သင့်ရဲ့ Life Plan ကို ရှင်းရှင်းလင်းလင်း ချပြနိုင်ပြီး မိမိ လျှောက်မယ့် ပညာရေး လမ်းကြောင်းမှာ သူတို့ရဲ့တက္ကသိုလ် က ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်လာမလဲဆိုတာကို အတိအကျပြောပါ။"


For students who dream of studying at one of the Ivy League institutions, Shin Shin reflected on her personal journey and had a word of advice:


Be specific, be specific, and be specific when it comes to writing your College Supplemental Essays since this is where you can clearly lay out your Life Plan to the admissions and how their college will play a role on that path.


—Shin Shin, Penn'27



 

Other Top US Universities that Shin Shin Got into for Fall 2023 Admissions:


1. Rice University 2. University of California, Los Angeles 3. University of California, Berkeley 4. University of Michigan, Ann Arbor 5. University of California, San Diego 6. Boston University 7. College of William and Mary 8. Colgate University 9. Case Western Reserve University

 

bottom of page